သဘာ၀နှင့် သစ်ပင်များကို ချစ်မြတ်နိုးတတ်ရန်၊ နေထိုင်သောနေရာဒေသပေါ်တွင် အောက်ချင်းငှက်မောင်နှံကဲ့သို့ သစ္စာရှိ၊ သစ္စာထားကြရန် တင်စားထားသည့်ကဗျာဖြစ်သည်။ သစ်ပင်ကြီးများကိုထိန်းသိမ်းစောင့်ရှောက်ရန် သစ်စေ့များကို စိုက်ပျိုးတတ်ရန်၊ မန်ကျည်းပင်ကို ဥပမာပေး၍ စပ်ဆိုခဲ့ကြသည်။ တစ်ဦးတည်း တစ်ယောက်ထဲကောင်းစားရန်မဟုတ်ဘဲ၊ တစ်မိသားစုလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးကောင်းစားဖို့၊ အေးချမ်းဖို့ သတိပေးသော၊ အသိပေးသော တေးကဗျာတစ်ပုဒ်ဖြစ်သည်။