“မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” ဆောင်ပုဒ်ခေါင်းစဉ်ဖြင့် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ ဆောင်ရွက်ကျင်းပခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက် (၉) ကြိမ်မြောက်တွေ့ဆုံပွဲ အွန်လိုင်းအခမ်းအနား၌ သတ္တုတွင်းပညာရှင်တစ်ဦးဖြစ်သူ ဦးညီညီမှ “ရေရှည်ဖွံ့ဖြိုးရေးသဘောနှင့်လက်တွေ့” ခေါင်းစဉ်ဖြင့် ရေရှည်ဖွံ့ဖြိုးရေး၏ ဝေါဟာရအဓိပ္ပါယ်၊ မြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသော အခြေအနေများသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာ အဓိပ္ပါယ်များနှင့် ပတ်သက်စပ်ဆက်နေမှု ရှိမနေသည်ကို မြင်တွေ့ရနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရည်ရွည်ချက်များသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးမပြုသည်ဟု သုံးသပ်မိကြောင်း၊ ရာသီဥတုပြောင်းလဲခြင်း ကပ်ဘေးအခြေအနေများကြောင့် အစိမ်းရောင်စီးပွားရေးအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးလာပြီဖြစ်ကြောင်းနှင့် ၎င်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ မည်ကဲ့သို့လုပ်ဆောင်သွားရန် လိုအပ်သည်များကို အကြံပြုခြင်း အစရှိသည်တို့ကို တင်ပြရှင်းလင်းထားသည့် ရုပ်သံဗီဒီယိုအား ဖော်ပြလိုက်ရပါသည်။