၂၀၂၂ခုနှစ်၊ မတ်လ ၂၂ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ရေများနေ့၏
ဆောင်ပုဒ်စကားသည် “မြေအောက်ရေ - မမြင်နိုင်ရသည်ကို
မြင်လာအောင်ပြုလုပ်ခြင်း” ဖြစ်ပါသည်။
ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ ကမ္ဘာ့ရေများနေ့
အထိမ်းအမှတ်အနေဖြင့် ဌာနေတိုင်းရင်းသူတစ်ဦး၏
ရှေးဘိုးဘွားလက်ထက်နှင့် လက်ရှိယခုအချိန်တို့၏
မြေအောက်ရေအရင်းအမြစ် အခြေအနေအား
နှိုင်းယှဉ်ဖော်ပြပုံ၊ မြေအောက်ရေအား
မဆင်မခြေ အလွန်အကျွံထုတ်ယူသုံးစွဲလာကြပုံ၊
မြေအောက်ရေအား ရေရှည်တည်တံ့စွာ ထိန်းသိမ်း
သုံးစွဲနိုင်ရန် တားဆီးနေသည့်အရာများနှင့်
မြေအောက်ရေအရင်းအမြစ်အား စနစ်တကျ
အသုံးပြုနိုင်ရန်လိုအပ်လာပုံ စသည့်အချက်များအား
တင်ပြပြောဆိုထားသည့် ရုပ်သံဗီဒီယိုအား
တင်ပြလိုက်ရပါသည်။