International Day of Climate Action

အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းနှင့်ပက်သက်သည့် လှုပ်ရှားဆောင်ရွက်မှုနေ့အထိမ်းအမှတ်အနေဖြင့် ဌာနေတိုင်းရင်းသားခေါင်းဆောင်များမှ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ကမ္ဘာ့ကုသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံထံသို့ တိုက်တွန်းချက်များအား ပြောဆိုတင်ပြခြင်း၊ ရာသီဥတု‌ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် ဌာနေတိုင်းရင်းသားများနှင့် အတူတကွ ထဲထဲဝင်ဝင် ပူးပေါင်းလက်တွဲဆောင်ရွက်ခြင်းသည် ပိုမိုထိရောက်အောင်မြင်နိုင်ကြောင်း၊ ဒေသခံဌာနေတိုင်းရင်းသားများမှလည်း ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသော သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းသည့် ရိုးရာဓလေ့များကိုလည်း မပျောက်မပျက်အောင် ဆက်လက်ကျင့်သုံးဖို့လိုအပ်ကြောင်းနှင့် ၎င်းကိုလည်း အစိုးရမှ တစ်ဖက်တစ်လမ်းမှ အားပေးကူညီပေးရန် လိုအပ်ကြောင်း၊ ဌာနေတိုင်းရင်းသူ၊ တိုင်းရင်းသားလူငယ်များကို စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ အသိပညာပေး အစီအစဉ်များကို သက်ဆိုင်ရာအစိုးရဌာန၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတို့နှင့် အတူတကွ ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုးရာအသိပညာဗဟုသုတများကိုပိုင်ဆိုင်သော အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာကာ အစိုးရ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စီမံကိန်းလုပ်ငန်းများကို တစ်ဒေါင့်တစ်နေရာမှ ပံ့ပိုးကူညီပေးရာ ရောက်မည်ဖြစ်ကြောင်း အစရှိသည်တို့ကို တင်ပြပြောဆိုထားသည့် ရုပ်သံဗီဒီယိဖိုင်အား ဖော်ပြလိုက်ရပါသည်။

#ClimateJustice

#UrgentClimateAction

#ClimateEmergency

#ClimateCrisis