Sustainable Development and Water Sector

 

“ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ရေပညာရှင်တစ်ဦးဖြစ်သူ ဦးချိုချိုမှ ရေ၏အဓိက အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံ၏ ရေသဘာဝအခြေအနေ၊ ရေအရင်းအမြစ်နှင့် ရေလိုအပ်ချက်များနှင့် စပ်လျဉ်းပြီး ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများ၊ စိန်ခေါ်မှုကိစ္စရပ်များနှင့် ၎င်းတို့ကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများ၊ ရေအရင်းအမြစ်နှင့်ပတ်သက်သည့် စိန်ခေါ်မှုအခက်အခဲများသည် အမျိုးသားရေးကိစ္စတစ်ခုဖြစ်သည့်အတွက် ပြည်သူလူထု၊ ပညာရှင်၊ သက်ဆိုင်ရာ စီမံအုပ်ချုပ်သူနှင့် အာဏာပိုင်အဖွဲ့အစည်းများအားလုံး ပါဝင်လုပ်ဆောင်ဖို့ရန် လိုအပ်ပုံ၊ ရေအရင်းအမြစ်အား တန်ဖိုးကြီးသော ပစ္စည်းတစ်ခုအဖြစ်ခံယူပြီး “ရေကိုသုံးပါ မဖြုန်းပါနှင့်”ဟူသည့် စကားရပ်အဆိုဖြင့် ၎င်းအား ထိထိရောက်ရောက် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ခြင်းဖြင့် မြန်မာနို်ငငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီ ဆောင်ရွက်သွားရန် အရေးကြီးကြောင်းကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက် (၉) ကြိမ်မြောက်တွေ့ဆုံပွဲ အွန်လိုင်းအခမ်းအနား၌ တင်ပြရှင်းလင်းသွားသည့် ရုပ်သံဗီဒီယိုအား ဖော်ပြလိုက်ရပါသည်။