၂၁ရာစု ပင်လုံညီလာခံအတွက် ပထမအကြိမ်အရပ်ဘက်အဖွဲ့အစည်းများ အကြိုဖိုရမ်

POINT အဖွဲ့မှ ဒါရိုက်တာဒေါ်နော်အိအိမင်းသည် နေပြည်တော်တွင်ပြုလုပ်ကျင်းပခဲ့သည့် ပထမအကြိမ်အရပ်ဘက်အဖွဲ့အစည်းများ အကြိုဖိုရမ်သို့ ၂၄ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၇မှ ၂၅ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၇ အထိ တက်ရောက်ပါဝင်ခဲ့ပါသည်။ ၎င်းဖိုရမ်သည် ၂၁ရာစု ပင်လုံညီလာခံအတွက် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ၏ ဖွဲ့စည်းပုံကို တိုင်းနှင့် ပြည်နယ် ၁၃ခုမှ (ကယားပြည်နယ်မပါဝင်ပါ) ဝိုင်းဝန်းဆွေးနွေးကြသည့် အကြိုဖိုရမ်ဖြစ်ပါသည်။ သူမအနေဖြင့် ဤဖိုရမ်တွင် ဝင်ရောက်ပါဝင်ခြင်းအားဖြင့် POINT အဖွဲ့အစည်းအနေဖြင့် ရှေ့ဆက်ပါဝင်နိုင်မည့် အခန်းကဏ္ဍများကို လေ့လာသုံးသပ်ခဲ့ပါသည်။