ပိုမိုပူနွေးလာသော နေ့ရက်များ။ ရာသီဥတုပြောင်းလဲလာတဲ့မြန်မာ

ရာသီဥတုပြောင်းလဲမှုဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်နေပါသလဲ? ရာသီဥတု ပြောင်းလဲခြင်းများ နှင့် လိုက်လျောညီထွေဖြစ်စေမည့် နည်းလမ်းများက ဘာတွေလဲ?

ဒါတွေကိုသိဖို့အတွက် “ပူနွေးလာသော နေ့ရက်များ- “ရာသီဥတုပြောင်းလဲလာတဲ့ မြန်မာ”ဆိုတဲ့ ဗီဒီယိုဖိုင်လေးကြည့်ပြီး အဖြေရှာကြည့်ပါလား။

ဤမှတ်တမ်းဗီဒီယိုကို European Union ၏ ထောက်ပံ့မှုဖြင့် Yangon Film School မှ သဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုအဖွဲ့ (MCCA) တို့အတွက် ရိုက်ကူး ထုတ်လုပ်ပါသည်။

သင်သဘောကျနှစ်သက်ပါက လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ပြီးတော့ သင့်၏ ထင်မြင် ယူဆချက်များအား ကျွန်ုပ်တို့ကို ပြောကြားပေးစေလိုပါသည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်း၏ မကောင်းသောသက်ရောက်မှုများကို ကမ္ဘာပေါ်တွင် အများဆုံး ကြုံတွေ့ရနိုင်မည့် နိုင်ငံတစ်ခုဖြစ်ပါသည်။

လူပေါင်း ၁၃၀,၀၀၀ ထက်ပိုမို၍ သေဆုံးစေခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့သည့် ဖြစ်ရပ်များ၊ ၂၀၁၀ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အပူလှိုင်းဖြတ်ခြင်းများ၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ဘဝပေါင်းများစွာကို ထိခိုက်စေခဲ့သော ရေကြီးမှုများ ကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပေါ်စေခဲ့သည်ကို သတိပြုသင့်ပါသည်။

ရာသီဥတုပြောင်းလဲခြင်းများကြောင့် ဤကဲ့သို့သော ဖြစ်ရပ်များ ပိုမိုပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်ပါ သည်။ သို့သော် ထိုဖြစ်ရပ်များသည် မမြင်သာသော်လည်း ရာသီဥတုပြောင်းလဲမှုများ၏ ပိုမို ပျက်စီးဆိုးဝါးသော အချက်များ ဖြစ်ပါသည်။ ထို့ပြင် လူမှုအဖွဲ့အစည်းကိုလည်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေပါသည်။ ပင်လယ်ရေမြင့်တတ်လာမှုများ၊ ရေအရင်းအမြစ်များနှင့် စိုက်ပျိုးမြေများသို့ ဆားငန်ရေဝင်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ အပူချိန်မြင့်မားလာမှုသည် စိုက်ပျိုးရေးကဏ္ဍပေါ် တွင် အဓိက သက်ရောက်မှုရှိစေပါသည်။ တဆက်တည်း ရွှေ့ပြောင်းနေထိုင်မှုများကို လည်း ဖြစ်ပေါ်စေပါသည်။ မြစ်ဝကျွန်းပေါ်ကန်းရိုးတန်းဒေသမှ မြန်မာပြည်မြောက်ပိုင်း တောင်ပေါ်ဒေသ အထိ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်မှုများကို ခြိမ်းခြောက်နေသော ရာသီဥတု ပြောင်းလဲခြင်းများ ဖြစ်ပေါ်လျက်ရှိနေပါသည်။

သို့သော် ထိုပြောင်းလဲခြင်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် နည်းလမ်းများလည်းရှိပါသည်။ သုတေသန လေ့လာဆန်းစစ်မှုများမှ တဆင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော ရင်းနှီးမြုပ်နှံမှုများ၊ စီမံကိန်းများ၊ စိုက်ပျိုးရေးနည်းပညာအသစ်များ၊ အင်ဂျင်နီယာပညာရပ်များနှင့် အသိပညာ ဗဟုသုတ ပေးမှုများ ဆောက်ရွက်နိုင်ပါသည်။

မြန်မာနိုင်ငံသည် ပိုမိုပူနွေးလာသောနေ့ရက်များ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသော်လည်း ပြည်သူများအနေဖြင့် ကောင်းမွန်သောနည်းလမ်းများဖြင့် အသက်ရှင်နေထိုင်နိုင်ရန် အခွင့်အရေးများ ရှိပါသည္။