အနာဂတ်စိန်ခေါ်သံ

'' အနာဂတ်စိန်ခေါ်သံ '' မှတ်တမ်းတင်ရုပ်ရှင်အား ကြည့်ရှုခြင်းဖြင့် ပဲခူးရိုးမ(အနောက်ဘက်)ရှိ ပေါက်ခေါင်းနှင့် ရွှေတောင်ငွေတောင်ကျေးရွာနေ စကောကရင်ဌာနေတိုင်းရင်းသားများ၏ ခုနှစ်အလိုက် အဓ္ဓမရွှေ့ပြောင်းခံခဲ့ရခြင်းနှင့်တကွ ၎င်းတို့၏ မြေယာပိုင်ဆိုင်ခွင့်အခွင့်အရေးများကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့အပြင် ဌာနေတိုင်းရင်းသားများသည် သစ်တောကိုမှီခိုသူများဖြစ်သည့် အားလျော်စွာ ၎င်းတို့အတွက် သစ်တောသည် မရှိမဖြစ်လိုအပ်သည်ကိုလည်း သိရှိနားလည်နိုင်မည်ဖြစ်သည်။ ဤမှတ်တမ်းတင်ရုပ်ရှင်၏ ကြည့်ရှုကြာမြင့်ချိန်မှာ ၁ဝမိနစ်ခန့်ရှိပြီး မြန်မာ-စကောကရင်-အင်္ဂလိပ် နောက်ခံဘာသာစကားပြောဖြင့် ရိုက်ကူးတင်ဆက်ထားပါသည်။