POINT (ရိုးရားဝန်းကျင်မြင့်တင်ရေးအဖွဲ့) မှ ဦးဆောင်ကျင်းပသော "မြန်မာနိုင်ငံ၏ရာသီဥတုပြောင်းလဲခြင်းအတွက်တုံ့ပြန်ရေးဆိုင်ရာပူးပေါင်းညှိနှိုင်းသည့်အလုပ်ရုံဆွေးနွေးပွဲ" ကို Hotel Horizon နေပြည်တော် တွင် 4.10.2018 မှ 6.10.2018 ထိသုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ရခြင်း၏ရည်ရွယ်ချက်မှာ -
1.အသီးသီးသောမတူညီသည့် ကဏ္ဍများမှ ရာသီဥတုပြောင်းလဲခြင်း တုန့်ပြန်မှုများ ချိတ်ဆက်မှုနှင့် အလုံးစုံသော ရာသီဥတုပြောင်းလဲခြင်းတုန့်ပြန်မှုများကို နားလည်ရန်။
2.အတွေ့အကြုံဖလှယ်ခြင်းနှင့်ပိုမို ကောင်းမွန်သော ပူးပေါင်းလုပ်ဆောင်မှုများအတွက် ကွာဟချက်များ၊ ဦးစားပေးလုပ်ငန်းစဉ်များနှင့် အခွင့်အလမ်းများ ဖော်ထုတ်ရန်။
3.တုန့်ပြန်မှုတွင် ဒေသခံဌာနေတိုင်းရင်းသားများ၏ ပူးပေါင်းပါဝင်ခြင်းများကို သတ်မှတ် ဖော်ထုတ်ပြီး ၎င်းလုပ်ငန်းစဉ်များကို အသိအမှတ်ပြုမြှင့်တင်မည်ကို သတ်မှတ်ဖော်ထုတ်ရန် တို့ဖြစ်ပါသည်။
ပထမရက်တွင်
ကိုလှဒွဲ (Program Officer of POINT) မှ နိုင်ငံအလိုက်ဆုံးဖြတ်ထားသည့် ကတိကဝတ်များ၊ အစိမ်းရောင် ရာသီဥတု ရန်ပုံငွေ၊ ဒေသခံများနှင့် ဌာနေတိုင်းရင်းသား ပလက်ဖောင်း(Local Community and Indigenous Peoples Platform) များအကြောင်းတင်ပြဆွေးနွေးသွားခဲ့ပါသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် အပူချိန်များမြင့်တက်လာခြင်း၊ တောင်ယာများပျက်စီးခြင်း၊ ရေခဲတောင်များပျော်ကြပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းအစရှိသည်တို့ ကြုံတွေ့နေရပါသည်။ ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ရှောင်ပြေးမရသောအရာဖြစ်သည်။ ရာသီဥတုပြောင်းလဲနှင့်ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မှုများ၊ ဌာနေတိုင်းရင်းများ၏ပူးပေါင်းပါဝင်မှု၊ အသိမှတ်ပြုမှုများဖော်ဆောင်မှု၊ ကဏ္ဍအသီးသီးမှ ရာသီဥတုပြောင်းလဲမှု ကိုချိတ်ဆက်မှုရှိအောင်လုပ်ဆောင်မှုများ၊ ရာသီဥတုပြောင်းလဲခြင် းတွင်နိုင်ငံအလိုက်လုပ်ဆောင်မှုကဏ္ဍများနှင့်ပတ်သက်ပြီးတင်ပြပြောဆိုခဲ့ပါသည်။
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာသဘောတူညီမှုများနှင့် ဌာနေတိုင်းရင်းသားများ၏အခန်းကဏ္ဍ _ လှဒွဲ (ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေး)
**********************************************************************************
Ms. Julia Fogerite, (Freelance Consultant) မှ နိုင်ငံတကာမှ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သတ်သော နိုင်ငံအလိုက် တင်ပြထားသည့် ကတိကဝတ်များ အကြောင်းကို တင်ပြဆွေးနွေးသွားခဲ့ပါသည်။ နိုင်ငံတကာကပေးတဲ့ကတိကဝတ်တွေကဘယ်လိုလဲ၊ကိုယ့်နိုင်ငံနဲ့ဘယ်လို ဆက်ဆက်ပြီးလုပ်ဆောင်မလဲအစရှိသည်ဖြင့်ပြောပြခဲ့ပါသည်။ ၂၀၁၅ သဘောတူညီချက်အရ စက်မှုတော်လှန်ရေးခေတ် မတိုင်ခင်က အပူချိန် ၂ ဒီဂရီထထက်ထပ်မပိုရအောင်လုပ်ဆောင်မှာဖြစ်သည်။ မြန်မာနိုင်ငံသစ်တော၏ လက်ရှိ ၃၀ % သည် ကြိုးဝိုင်းဖြစ်ပြီး ၁၀ % သည် သဘာဝထိန်းသိမ်းစောင့်ရှောက်တောများအဖြစ်တည်ထောင်သွားရန် မြောမှန်းထားသည်။ အချို့နိုင်ငံဖြစ်သော လာအို၊ထိုင်း အစရှိသည်တို့သည် မိမိတို့နိုင်ငံ၏ ၇၀%၊ ၄၀% များသည် သစ်တောဖြစ်ရမည် အစရှိသည်ဖြင့် ကတိများပေးခဲ့သည်။ အချို့လည်း သစ်တောများ ပြန်လည်စိမ်းလန်းစိုပြေလာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ သို့သော် အချို့နိုင်ငံများ မြန်မာန်ိုင်ငံအပါဝင်များသည် ရာခိုင်နှုန်းအားဖြင့် အတိအကျ မဖော်ပြပဲ လုပ်ဆောင်မည်ဟုသာပြောဆိုကတိပေးခဲ့ပါသည်။
International Context of NDCs_ Ms. Julia Fogerite, (Freelance Consultant)
********************************************************************************
Mr. Tim Boyle, (Country Technical Advisor, UNREDD) မှ သစ်တောပြုန်းတီးခြင်း နှင့် သစ်တောအတန်းအစားကျဆင်းခြင်း မှကာဗွန် ထုတ်လွတ်မှုလျော့ချခြင်း လုပ်ငန်းစဉ်နှင့် ကန်ကွန်းလုံခြုံမှု အစီအမံ အကြောင်းကို တင်ပြပြောဆိုခဲ့ပါသည်။ တင်ပြပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ ရက်ဒ်အပေါင်းလုပ်ငန်းစဉ်၊ ၎င်းလုပ်ငန်းစဉ် နှင့် မြေယာအသုံးပြုမှု နှင့် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များ ဆက်နွယ်မှု ကို သိရှိနားလည်စေရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စက်ရုံအလုပ်ရုံများနှင့် ခရီးသွားလုပ်ငန်းများမှ ကာဗွန်ထုတ်လုပ်မှုမှာ ၂၀ % ဖြစ်ပြီး ၈၀% သည် သစ်တောပြုန်းတီးခြင်း၊မြေယာအသုံးပြုခြင်းများပြောင်းလဲမှုကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းကို လိုက်လျောညီထွေစွာလုပ်ကိုင်ခြင်း၊သစ်တောများကိုထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ ပါဝင်သော်လည်း ထုတ်လွတ်မှု၏ ဘယ်လောက်ရာခိုင်နှုံးလျော့ချမည်ကို အတိကျပြောဆိုထားခြင်းမရှိသောနိုင်ငံဖြစ်သည်။ သစ်တောပြုန်းတီးရခြင်း၏အဓိက အကြောင်းရင်းမှာ အကြီးစားစိုက်ပျိုးရေးလုပ်ကိုင်ခြင်း၊ တရားမဝင်ဖြစ်စေတရားဝင်ဖြစ်စေသစ်ခုတ်ခြင်း၊ ထင်းမီးသွေးသုံးစွဲခြင်း၊သစ်တောမြေမှစိုက်ပျိုးမြေဖြစ်လာရခြင်း၊တောပြုန်းခြင်းတို့ကြောင့်ဖြစ်ပါသည်။
REDD+:NDC and “Policies and Measures” _ Mr.Tim Boyle, (Country Technical Advisor, UNREDD)
******************************************************************************
ဒုတိယရက်တွင်
ဆရာမ ဒေါ်သင်းသင်ဇာဝင်း (ဒုတိယညွှန်ကြားရေးမှူး၊ သံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)မှ မြန်မာအစိုးရမှ ရာသီဥတုပြောင်းလဲခြင်း တုံ့ပြန်မှုများ အကြောင်းတင်ပြပြောဆိုဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြပြောဆိုခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲခြင်းကို တုန့်ပြန်ရာတွင် မူဝါဒ၊ အစီအမံ၊ လုပ်ငန်းစဉ်များဆောင်ရွက်မှု နှင့် ၎င်းလုပ်ငန်းစဉ်များ မူဝါဒများ ဆက်စပ်မှုကို နားလည်ရန် ဖြစ်ပါသည်။ အဓိက အားဖြင့် ပင်မစီမံကိန်း၊ ဥပဒေ၊ မူဝါဒများ၊ မဟာဗျူဟာများ နှင့် လုပ်ငန်းစဉ်အစီအစဉ်များ အကြောင်းကို တင်ပြပြောဆိုသွားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ပူပြင်းခြောက်သွေ့လာခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးရေလျှံခြင်း၊မုတ်သုန်အဝင်နောက်ကျ အထွက်စောခြင်း၊မုန်တိုင်းဒဏ်ခံရခြင်း အစရှိသည့် သဘာသဘေးဒဏ်များကိုခံစားရပါသည်။ ထိုအရာများကို လျှော့ချရန် အပြည်ပြည်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းပြီး နိုင်ငံတကာကို တင်ပြပြောဆိုခဲ့ပြောအရာများကို လည်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမူဝါဒများနှင့် ပတ်သက်ပြီးလည်း ပြောဆိုဆွေးနွေးခဲ့ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒဆိုင်ရာအခြေခံမူများ(၉ချက်)၊မူဝါဒဆိုင်ရာလမ်းညွှန်ချက်များ(၆ချက်)၊ အကောင်ထည်ဖော်ဆောင်မည့်နည်းလမ်းများ(၈ချက်) ကို လည်း ရှင်းပြပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီစဉ်များကိုလည်း အသေးစိတ် ရှင်းပြ ပြောဆို ဆွေးနွေးခဲ့ပါသည်။
Myanmar Climate Change Policy, Strategy and Master Plan_ Daw Thin Thinzar Win(Environmental conservation department (ECD)
******************************************************************************
ဆရာ ဟုန်းလင်း (UNDP) မှ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အကြောင်းတင်ပြပြောဆိုပေးခဲ့ပါသည်။ တင်ပြပြောဆိုဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာန်ိုင်ငံရှိ သဘာဝဘေးအန္တရယ်လျော့ပါးရေး လုပ်ငန်းစဉ် (Disaster Risk Reduction)နှင့် NAPA အကြောင်းသိရှိနားလည် သဘောပေါက်စေရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် အကြီးမားဆုံး ခံစားနေရသော သဘာ၀ဘေးဒဏ်များမှာ ရေကြီးရေလျှံခြင်း၊မြေပြိုခြင်း၊မိုးခေါင်ခြင်းနှင့် စိုက်ပျိုးမြေများ မကောင်းခြင်းအစရှိသောအရာများကို ခံစားနေရပါသည်။
Disaster Risk Reduction (DRR) in Myanmar_ Mr.Houng Ling (UNDP)
************************************************************************
ဆရာ U Aung Myint, General Secretary, REAM မှ စွမ်းအင်ကဏ္ဍ အကြောင်းတင်ပြပြောဆိုဆွေးနွေးသွားခဲ့ပါသည်။ တင်ပြပြောဆိုခြင်း၏ရည်ရွယ်ချက်မှာ စွမ်းအင်ကဏ္ဍဆိုင်ရာ အစီအမံများ၊ ၎င်းအစီအမံများသည် ရာသီဥတုပြောင်းလဲခြင်းကို မည်သို့တုန့်ပြန်မှုများကို နားလည်သိရှိစေရန်ဖြစ်ပါသည်။ ပြောဆိုဆွေးနွေးခဲ့သောခေါင်းစဉ်များမှာ အမျိုးသား လျှပ်စစ်ဓါတ်အား ပင်မစီမံချက်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အကြောင်းတင်ပြ ပြောဆိုခဲ့ပါသည်။ ပြန်ပြည့်မြဲစွမ်းအင် နှင့် ဖွံ့ဖြိုးရေး အတွက် စွမ်းအင် အကြောင်းအရာများကို လည်းပြောဆိုခဲ့ပါသည်။ ပြန်ပြည့်မြဲစွမ်းအင် အသုံးနှုံးနှင့် ကြောင်းအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး၊ စွမ်းအင်အရင်းအမြစ်များ( နေစွမ်းအား၊လေစွမ်းအား၊ရေစွမ်းအား၊ စသော) အကြောင်းလည်း အသေးစိတ်ပြောဆိုခဲ့ပါသည်။ စွမ်းအင်အမျိုးအစားများအကြောင်းကိုလည်းပြောကြားခဲ့ပါသည်။ ရာသီဥတုပြောင်းလဲခြင်းအားတုံ့ပြန်ရန်မြန်မာန်ိုင်ငံ၏ ကတိကဝတ်အင်ဒီစီတွင် ဖော်ပြထားသည့် စွမ်းအင်ဆိုင်ရာအချက်လက်များကို လည်းလက်တွေ့နှင့် ကိုက်ညီသည့်ကိန်းဂဏန်းများကို အသုံးပြုသင့်ကြောင်း၊ နောက်ထပ်မှန် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းမူဘောင် (UNFCCC)သို့ထပ်မှန်တင်ပြရာတွင် ဌာနေတိုင်းရင်းသားများအပြင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားရသောဒေသခံပြည်သူများပါပါဝင်ရန် ဖိတ်ခေါ်သင့်ကြောင်း အပြုသဘော ထောက်ပြသွားပါသည်။
RENEWABLE ENERGY and ENERGY for DEVELOPMENT_ Aung Myint (General Secretary)
*********************************************************************************
ဆရာ Saw Hto Lwi မှ ရာသီဥတုပြောင်းလဲခြင်းနှင့် သက်ဆိုင်သော စိုက်ပျိုးရေးကဏ္ဍမှ လက်ရှိလုပ်ဆောင်နေသော အကြောင်းအရာ၊ သတင်းအချက်အလက်များကို တင်ပြပြောဆိုခဲ့ပါသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် စိုက်ပျိုးရေးတွင်ထိခိုက်မှုများရှိပါသည်။ သဘာ၀ ဘေးအန္တရာယ်တစ်ခု ကျရောက်တိုင်း ၂၂% စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်ပျက်စီးစေပါသည်။ မြန်မာနိုင်ငံတွင် သဘာ၀ဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်း ထိခိုက်ပျက်ဆီးမှုပမာဏမှာ မိုးခေါင်ရေရှားခြင်းကြောင့် ၈၀% ကျော်ထိခိုက်ပြီး၊ လေမုန်တိုင်း၊ရေကြီးခြင်းတို့ကြောင့် ၁၀% ကျော် ထိခိုက်ပျက်စီးပါသည်။ စိုက်ပျိုးရေးဟုပြောလိုက်လျှင် သီးနှံ ကိုသာ မဟုတ်ပဲ မွေးမြူရေး မြစ်ချောင်းအင်းအိုင်များလည်းပါဝင်ပြီး စားနပ်ရိက္ခာဖူလုံမှုများနှင့်ဆက်ဆက်နေပါသည်။ သဘာ၀ဘေးအန္တရာယ်အလိုက် စိုက်ပျိုးရေးဆိုင်ရာထိခိုက်ပျက်စီးစေသော အရာများမှာ သီးနှံများနှင့် စိုက်ပျိုးမြေ၊ မျိုးစေ့၊ လယ်ယာသုံးစက်ကိရိယာ၊ မွေးမြူရေးတိရိစ္ဆာန်များ၊ ငါးနှင့်ရေထွက်လုပ်ငန်း၊ ဝင်ငွေ၊ ကုန်စည်ဈေးကွက်ဆိုင်ရာများစွာကို ထိခိုက်ပါသည်။ ရာသီဥတုနှင့်ကိုက်ညီတဲ့စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်မှနှင့် စားနပ်ရိက္ခာဖူလုံမှုကို အထောက်ကူဖြစ်စေမည့်စိုက်ပျိုးရေးစနစ်များအကြောင်းနှင့် စနစ်၏ရည်ရွယ်အကြောင်းပြောဆိုခဲ့ပါသည်။ စနစ်၏ရည်ရွယ်ချက်မှာ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းနှင့်ဝင်ငွေတိုးမှုကို ရေရှည်တစ်သမတ်တည်းလုပ်ဆောင်နိုင်ရန်၊ ပြောင်းလဲနေသည့်ရာသီဥတုနှင့် လိုက်လျောညီထွေမှုနှင့် ခံနိုင်ရည်ရှိမှုဖြစ်ပေါ်လာစေရန်၊ ဖြစ်နိုင်သည့်နေရာများတွင် ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချမှုပြုလုပ်နိုင်ရန် ဖြစ်ပါသည်။ ထိုအရာများကို ပန်းတိုင်ထားပြီး ပြုလုပ်သွားမယ်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ပါသည်။
Climate Smart Agriculture (CSA) _ Saw Hto Lwi
တတိယရက်တွင်
ဆရာမ Ms. Amy Ruelos Maling, WWF မှ ဌာနေတိုင်းရင်းသားများ နှင့် ဒေသခံများ ထိန်းသိမ်းစောင့်ရှောက်ထားသည့် နယ်မြေများ အကြောင်းကို ပြောဆိုတင်ပြခဲ့ပါသည်။ တင်ပြပြောဆိုခြင်း၏ရည်ရွယ်ချက်အားဖြင့် ဌာနေတိုင်းရင်းသားများ ထိန်းသိမ်းစောင့်ရှောက်ထားသည့် နယ်မြေများ၊ နိုင်ငံတကာ အခင်းအကျင်း အရ ဌာနေတိုင်းရင်းသားများ ထိန်းသိမ်းစောင့်ရှောက်ထားသည့် နယ်မြေများ အကြောင်းကို သိရှိစေလိုခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းကျရောက်ချိန်တွင် ကြိုတင်ခန့်မှန်းထားချက်မှာ တစ်နာရီ မိုင်၂၀၀ နှုန်းဖြစ်သော်လည်း တစ်နာရီ ၁၆၀ နှုန်းဖြင့်ကျသွာကြောင်းတွေ့ရသည်။ အရှိန်နှုန်းလျော့သွားခြင်းကိုရှာဖွေသောအခါ သစ်တောများဖုံးလွှမ်းနေ သည့်တောင်တန်းများကြောင့်ဖြစ်သည်ဟုသိရှိခဲ့ရသည်။ ICCA ဆိုသည်မှာ ဌာနေတိုင်းရင်းသားများက ထိန်းသိမ်းစောက်ရှောက်ပြီး နေထိုင်ကြသော သစ်တော၊ရေမြေဒေသ၊တောင်တန်း၊မြစ်ချောင်းအင်းအိုင်းများ နှင့် ဌာနေတိုင်းရင်းသားများစောင့်ရှောက်လုပ်စားနေထိုင် နေကြသောဘိုးဘွားပိုင်နယ်မြေများဖြစ်သည်။ ဌာနေတိုင်းရင်းသားများသည် သဘာ၀ ပတ်ဝန်းကျင်နှင့်ဆက်နွယ်နေပြီးတန်ဖိုးထားမှီခိုနေထိုင်သောသူများဖြစ်သောကြောင့်ထိန်းသိမ်းဖို့အစွမ်းအစများစွာရှိပါသည်။ ICCA ရှိခြင်းကြောင့်ဌာနေတိုင်းရင်းသားများ၏အသက်မွေးဝမ်းကျောင်းကိုထိန်းသိမ်းရာရောက်ပြီး သူတို့၏ အခွင့်ရေးကိုလည်း အသိမှတ်ပြုမြင့်တင်နိုင်ပါသည်။ ဌာနေတိုင်းရင်းသားများရှိနေသရွေ့ သဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းထားရာရောက်ပါသည်။ ဖိလစ်ပိုင်တွင် ဌာနေတိုင်းရင်းသားများသည် ဘိုးဘွားပိုင်နယ်မြေများထဲရှိ ICCA ကို အစိုးရမှလက်ခံပြီး အသိမှတ်ပြုခံခဲ့ရသည်။ ICCA ၏ မတူညီသောအမျိုးအစားများ၊ ဘယ်လိုနေရာမျိုးတွင်လုပ်ဆောင်နေခြင်း၊ ဘယ်လိုအသိမှတ်ပြုခြင်းခံရမလဲ အစရှိတဲ့ အကြောင်းအရာများကို အသေးစိတ်ပြောဆိုဆွေးနွေးသွားပေးခဲ့ပါသည်။
Indigenous and community conserved territory and areas (ICCAs) _ Ms. Amy Ruelos Maling, WWF
********************************************************************************
ကိုလင်းဟုန်း (POINT Program Coordinator) မှ ဌာနေတိုင်းရင်းသားများ၏ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေနိုင်ရန် ထောက်ပံ့ပေးခြင်း (REDD+ အနေဖြင့်အကောင်အထည်ဖော်ထားသောပြည်သူပိုင်အစုအဖွဲ့ပိုင်သစ်တောမှသင်ခန်းစာများ) အကြောင်း လေ့လာသုံးသပ်ရှာဖွေထားသောအရာများကို တင်ပြပြောဆိုခဲ့ပါသည်။ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေနေခြင်း၊ မြန်မာ NAPA အကြောင်း၊ REDD+ နှင့် လိုက်လျောညီထွေနေထိုင်ခြင်းဆက်စပ်မှု၊ ဌာနေတိုင်းရင်းသားတွေက သူ့ဟာသူ သဘာ၀ပြောင်းလဲခြင်းမှာ လိုက်လျောညီထွေစွာနေခြင်း၊ ပြင်ဆင်ပြီးလုပ်ဆောင်တဲ့လိုက်လျောညီထွေနေထိုင်ခြင်း နှင့် တွေ့ရှိချက်များ၏ရလဒ်များ အရ အကြုံပြုချက် အကြောင်းအရာများကိုတင်ပြပြောဆိုပေးခဲ့ပါသည်။
Supporting Climate Change Adaptation of Indigenous Communities in Myanmar: Lessons Learned from Community Forestry for REDD+ _ Ko Ling Houng (POINT Program Coordinator) See more presentation>>
*****************************************************************************
ဆရာမ လွင်မာအေး (Green Rights Organization) မှ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဌာနေတိုင်းရင်းသူအမျိုးသမီးများ ပေါ်အကျိုးသက်ရောက်မှု စစ်တမ်းကောက်ယူရာတွင် လေ့လာတွေ့ရှိမှုများအကြောင်းကို တင်ပြခဲ့ပါသည်။ စစ်တမ်းကောက်ခဲ့ခြင်း၏ရည်ရွယ်မှာ ဌာနေတိုင်းရင်းသူအမျိုးသမီးများသည် သစ်တော စီမံ အုပ်ချုပ်မှု နှင့် စီမံ ခန့်ခွဲမှု အခန်းကဏ္ဍအတွက်ဆုံးဖြတ်ချက် ချမှတ်ရာတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိစေရန်နှင့် ဌာနေတိုင်းရင်းသူ အမျိုးသမီး အသံများ ပါဝင်လာစေရန် ဖြစ်ပါသည်။ စစ်တမ်းကောက်ယူခဲ့သောနေရာမှာ ရွာငံမြို့နယ်ကျောက်တောကျေးရွာတွင် စစ်တမ်းကောက်ယူပြီး အိမ်ခြေ ၁၁၀ အနက် အိမ်ထောင်စု၂၅ စုတွင် အသက် ၁၉ မှ ၅၀ အမျိုးသမီးများထံမှကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ စစ်တမ်းကောက်ယူရာတွင် အဓိက ကဏ္ဌ ၃ခုဖြစ်သည့် သစ်တောစီမံ အုပ်ချုပ်မှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဌ၊ သစ်တောထွက် ပစ္စည်းရရှိမှု၊ အသုံးပြုမှု နှင့် ရောင်းချမှု ကဏ္ဍ၊ သစ်တော နှင့် အရင်းအမြစ် စီမံ ခန့်ခွဲရာတွင် အမျိုးသမီးများ၏ ဆုံးဖြတ်ချက်ချမှတ်မှု အခန်း ကဏ္ဌ စသည့်ဖြင့် ကောက်ယူခဲ့ကြောင်း ပြောဆိုတင်ပြခဲ့ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဌာနေတိုင်းရင်းသူအမျိုးသမီးပေါ်အကျိုးသက်ရောက်မှုစစ်တမ်းကောက်ယူခြင်း _ Ms. Lwin Mar Aye (Green Rights Organization)