ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးကြီးမြင့်မှ “သဘာဝပတ်ဝန်းကျင်နှင့် ဥပဒေ”
နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည့် အချက်များထဲတွင်
နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၁၄ရက်နေ့
အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်၌ “သယံဇာတတူးဖော်သည့်
ကုမ္ပဏီများ၏ လိုင်စင်နှင့် စာချုပ်စာတမ်းများ
အများပြည်သူသိရှိနိုင်စေရန် ကြေညာရမည်” ဟူသည့်
အချက်သည် အရေးကြီးသည့် အားတက်ဖွယ်
ကိစ္စရပ်တစ်ခုဖြစ်ကြောင်းနှင့် ၎င်းနှင့်ပတ်သက်ပြီး
မည်ကဲ့သို့ ဆက်လက်အကောင်အထည်ဖော်
ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများတင်ပြခြင်း၊ ထို့နောက်
နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၈
၂၀၁၈ခုနှစ်၊ ဇွန်လ ၁ရက်နေ့၌ ထုတ်ပြန်သည့်
“သဘောတူစာချုပ်များချုပ်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့်
လမ်းညွှန်ချက်များ” စာအုပ်သည်
သက်ဆိုင်ရာအဖွဲ့အစည်းများအား ဥပဒေဖြင့်
တိကျခိုင်မာပြတ်သားစွာ ထောက်ပြပြောဆိုနိုင်ရန်အတွက်
မဖြစ်မနေ သိရှိနားလည်ထားဖို့ လိုအပ်ကြောင်း
အစရှိသည့် ဥပဒေပိုင်းဆိုင်ရာ အကြောင်းအရာများအား
ပြောဆိုတင်ပြပြီးနောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
တက်ကြွလှုပ်ရှားသူများမှ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်များကို
မည်ကဲ့သို့ရယူဆောင်ရွက်နိုင်ကြောင်း မေးမြန်းထားသည်ကို
ပြန်လည်ဖြေကြားသော အမေးအဖြေကဏ္ဍတို့ပါဝင်သည့်
ရုပ်သံဗီဒီယိုအား ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ
ကျင်းပဆောင်ရွက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက်
(၉) ကြိမ်မြောက်တွေ့ဆုံပွဲ အွန်လိုင်းအခမ်းအနားမှ
ပြန်လည်တည်းဖြတ် ဖော်ပြလိုက်ရပါသည်။