၂၀၂၂ခုနှစ်၊ မတ်လ ၂၂ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ရေများနေ့၏
ဆောင်ပုဒ်စကားသည် “မြေအောက်ရေ - မမြင်နိုင်ရသည်ကို
မြင်လာအောင်ပြုလုပ်ခြင်း” ဖြစ်ပါသည်။
ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ ကမ္ဘာ့ရေများနေ့
အထိမ်းအမှတ်အနေဖြင့် သဘာဝပတ်ဝန်းကျင်အရေး
တက်ကြွလှုပ်ရှားသူတစ်ဦး၏ မြေအောက်ရေ
နှင့်ပတ်သက်သည့် အရေးပေါ်အခြေအနေများ၊
နိုင်ငံတစ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို
အခြေခံသည့် ရေရှည်တည်တံ့သော စီးပွားရေး၊
လူမှုရေး၊ နိုင်ငံရေးတို့အပေါ် အခြေခံ
တည်ဆောက်ထားရန် လိုအပ်ကြောင်းနှင့်
အကန့်အသတ်ရှိသည့် မြေအောက်ရေ
အရင်းအမြစ်အား စည်းကမ်းမဲ့စွာအလွန်အကျွံ
ထုတ်ယူသုံးစွဲပါက ကြီးမားသည့် နောက်ဆက်တွဲ
အကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်းကို
သတိပေးတိုက်တွန်းထားသည့် ရုပ်သံဗီဒီယိုအား
တင်ပြလိုက်ရပါသည်။