The Voice of Environmental Activist for World Water Day

၂၀၂၂ခုနှစ်၊ မတ်လ ၂၂ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ရေများနေ့၏

ဆောင်ပုဒ်စကားသည်  မြေအောက်ရေ - မမြင်နိုင်ရသည်ကို

မြင်လာအောင်ပြုလုပ်ခြင်းဖြစ်ပါသည်။

ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ ကမ္ဘာ့ရေများနေ့

အထိမ်းအမှတ်အနေဖြင့် သဘာဝပတ်ဝန်းကျင်အရေး

တက်ကြွလှုပ်ရှားသူတစ်ဦး၏ မြေအောက်ရေ

နှင့်ပတ်သက်သည့် အရေးပေါ်အခြေအနေများ၊

နိုင်ငံတစ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို

အခြေခံသည့် ရေရှည်တည်တံ့သော စီးပွားရေး၊

လူမှုရေး၊ နိုင်ငံရေးတို့အပေါ် အခြေခံ

တည်ဆောက်ထားရန် လိုအပ်ကြောင်းနှင့်

အကန့်အသတ်ရှိသည့် မြေအောက်ရေ

အရင်းအမြစ်အား စည်းကမ်းမဲ့စွာအလွန်အကျွံ

ထုတ်ယူသုံးစွဲပါက ကြီးမားသည့် နောက်ဆက်တွဲ

အကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်းကို

သတိပေးတိုက်တွန်းထားသည့် ရုပ်သံဗီဒီယိုအား

တင်ပြလိုက်ရပါသည်။