၆-ကြိမ်မြောက် အာဆီယံ လူမှုသစ်တောကွန်ရက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိုရမ်နှင့် ၇-ကြိမ်မြောက် အာဆီယံ လူမှုသစ်တောကွန်ရက် ညီလာခံတွင် မြန်မာာနိုင်ငံအရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ရန် နိုင်ငံတွင်းကြိုတင်ပြင်ဆင်သည့် အစည်းအဝေး

25 May 2017

၂၀၁၇ အာဆီယံ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ (၆)ကြိမ်မြောက်လူမှုသစ်တောဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ ဒန်တန်ဝန်ဟိုတယ်၌ ၂၀၁၇ ခိုနှစ်၊ ဇွန်လ (၉-၁၀) ရက်များတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဤအစည်းအဝေးမှာ အာဆီယံနိုင်ငံနှင့် အစိုးရများအကြား နှစ်စဉ်ပုံမှန် ကျင်းပ ပြုလုပ်သည့် အာဆီယံလူမှုသစ်တောဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့(AWG-SF)၏ ညီလာခံမတိုင်မီ အကြိုပြင်ဆင်၍ အာဆီယံဒေသတွင်းရှိနိုင်ငံများမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

ယခုနှစ် ၆ကြိမ်မြောက်အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်၏ ရည်ရွယ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

(၁) တက်ရောက်လာသည့် အဖွဲ့အစည်းများအကြား အသိပညာဗဟုသုတနှင့် အတွေ့အကြုံများ ဝေမျှ ဖလှယ်မည့်လမ်းကြောင်းတခုဖော်ဆောင်ရာတွင်

 

(က) မိမိနိုင်ငံမှ အတွေ့အကြုံများနှင့် ယခင်လုပ်ငန်းအစီအစဉ်များကို မီးမောင်းထိုးဆွေးနွေးရန်

(ခ) ဒေသတွင်းအလုပ်အမှုဆောင်အဖွဲ့များမှ လက်ရှိလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြရန်(ပြီးမြောက်….)

(ဂ) စည်းရုံးလှုံ့ဆော်ခြင်းနှင့်ကွန်ယက်အချင်းချင်းချိတ်ဆက်မှုအားကောင်းလာစေရန်နှင့်၊

(ဃ) ဒေသအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် ရည်ရွယ်ပါသည်။

(၂) အရပ်ဖက် လူမှုအဖွဲ့အစည်းများဖိုရမ်၏ အဓိက ဦးစားပေး ကဏ္ဍများတွင်ရရှိခဲ့သည့် သင်ခန်းစာများကှို တက်ရောက်လာသည့် အဖွဲ့အစည်းများအကြား ဖလှယ်ခြင်းဖြင့် အသိပညာ ဖွံ့ဖြိုးတိုးတက်လာ စေရန်

(၃) အဓိကဦးစားပေးကဏ္ဍများအတွက် အလုပ်အမှုဆောင်အဖွဲ့များမှအစ အစဉ်များချမှတ်နိုင်ရန်အတွက် စဉ်းစားလုပ်ဆောင်မှုနှင့် အရင်းအမြစ်များရရှိစေနိုင်ရေးဆိုင်ရာ နည်းဗျူဟာများချမှတ်ရန်။

(၄) AWG-SFနှင့် အခြားအာဆီယံဆိုင်ရာ ကဏ္ဍရပ်များတွင်တင်ပြဆွေးနွေးနိုင်ရန်အတွက် အဓိကကျ သည့် ထောက်ခံဆွေးနွေးမှုများပြင်ဆင်ဖော်ထုတ်ပြီးအတည်ပြုချမှတ်ရန်

အထက်ပါအချက်များကို ဆွေးနွေးမည့် အာဆီယံအဆင့် အစည်းအဝေးအတွက် မြန်မာနိုင်ငံမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အမြင်သဘောထားများကိုလည်း ထည့်သွင်းဆွေးနွေးနိုင်ရန် အကြိုပြင်ဆင်မည့် အစည်းအဝေးကို POINTနှင့် MERN အဖွဲ့ တို့မှဦးဆောင်၍ ၂၁၀၇ခုနှစ်၊ မေလ ၂၅ရက်နေ့တင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

                                                                   DOWNLOAD PDF