တေးကဗျာ၏ ဆိုလိုရင်းမှာ တစ်ဦးနှင့် တစ်ဦးချစ်ခင်ရင်းနှီးမှုရှိရန် ဝေးကွာသွားကြပြီး ပြန်၍ဆုံတွေ့ချိန်၌ အမှတ်သင်္ကေတထားခြင်းဖြစ်သည်။ ယင်းသို့လက်ချည်ရာတွင် ချည်တစ်ပင်တည်းဖြင့် လူနှစ်ယောက်ကို တစ်ယောက်လျှင်လက်တစ်ရစ်စာဖြင့် လေးယောက်ပေါင်း၍ ချည်ပေးလေ့ရှိသည်။ လက်ချည်ပွဲကျင်းပချိန်တွင် ကြက်ကိုသတ်၍ နုတ်နုတ်စဉ်းကာ လက်ချည်ပွဲကိုတာဝန်ယူရသူ အမျိုးသမီးကြီးမှ လက်တစ်ပတ်ချည်ရင်း ကြက်သားကို ယင်းချည်ကြိုးပေါ် တင်ပြီး ကောင်းကြီးပေးသွားရသည်။ ကောက်သစ်စားချိန်၊ ထိမ်းမြားမင်္ဂလာပြုချိန်တို့၌လည်း ပြုလုပ်လေ့ရှိသော အထိမ်းအမှတ်ပွဲဖြစ်သည်။