ရှေးအခါ မောင်းထောင်းဆန်ဖွတ်ကြရာတွင် ကလေးငယ်ကို ကျောပိုး၍ မောင်းထောင်းခဲ့ကြပုံ၊ ထိုသို့မောင်းထောင်းသံမြည်လာပြီးလျှင် ရောင်နီးသန်းချိန်ရောက်လာပြီဖြစ်၍ ကြက်တွန်သံကို ကြားရပုံ၊ ယခုခေတ်ရောက်လာသောအခါ သက်ယန္တယားများကို အသုံးပြုလာကြရာ မောင်းထောင်သံတိတ်ကာ ကြက်တွန်သံလည်းမကြားရပုံ၊ ရှေးယခင် မိတ်ရင်းဆွေရင်းများသည် တစ်စိတ်တစ်ဝမ်းထဲရှိပုံ၊ သစ္စာရှိကာ အပေးအကန်းရက်ရော၍ အချင်းချင်းရိုင်းပင်းကူညီကြပုံ၊ ရိုးသားဖြူစင်ပုံတို့ကို ဖွဲ့နွဲ့ထားသော တေးကဗျာဖြစ်သည်။