“မြို့ပြရောဂါနှင့် တရုတ်ပိုးလမ်းမ စီမံကိန်း”

ဓာတုပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ညိုမှ“မြို့ပြရောဂါ” ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ၏ စီမံကိန်းကြီးတစ်ခုဖြစ်သော OBOR(One Belt One Road) တရုတ်ပိုးလမ်းမကြီးစီမံကိန်း၏ အကျိုးသက်ရောက်မှုအခြေအနေများနှင့် ပတ်သက်ပြီးပြောဆိုတင်ပြရာ ထိုစီမံကိန်းကြောင့် ဇီဝမျိုးစုံမျိုးကွဲပေါင်း ၁၇၀၀လောက် ထိခိုက်ဆုံးရှုံးပြီး မျိုးတုံးသွားနိုင်သည့် အခြေအနေကို ရောက်ရှိသွားနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအား အကြွေးထောင်ချောက် (Debt Trap)ဖြင့် စီးပွားရေးပိုင်းဆိုင်ရာ ဝင်ရောက်ခြယ်လှယ် စိုးမိုးသည့် တရုတ်နိုင်ငံ၏ နည်းဗျူဟာအကြောင်းအရာ၊ ပိုးလမ်းမကြီးဟူ၍ ဖြစ်ပေါ်လာပုံ၊ စီးပွားရေးအရ တိုးတက်ချမ်းသာအောင် တရုတ်နိုင်ငံ၏ ရုန်းကန်လှုပ်ရှားသော နမူနာမယူသင့်သည့် နည်းလမ်းများ၊အစိုးရအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် ပိုမိုလက်တွဲဆောင်ရွက်သွားကာ ပညာရှင်များ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာအမွေအနှစ်များကို နောင်လာနောက်သား မျိုးဆက်သစ်များအတွက် အလေးအနက်ထား လက်ဆင့်ကမ်းပေး၍ ကမ္ဘာ့ရာသီဥတုအခြေအနေကို အမြဲတစေစောင့်ကြည့်လေ့လာသွားသင့်ကြောင်း အစရှိသည်တို့ကို တင်ပြသည့် ရုပ်သံဗီဒီယိုအား ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက် (၉) ကြိမ်မြောက်တွေ့ဆုံပွဲ အွန်လိုင်းအခမ်းအနားမှ တည်းဖြတ် ဖော်ပြလိုက်ရပါသည်။