“မြန်မာ့စွမ်းအင်သစ်နှင့် ဖွံ့ဖြိုးမှုအလားအလာ”

“မြန်မာ့စွမ်းအင်သစ်နှင့် ဖွံ့ဖြိုးမှုအလားအလာ”

ခေါင်းစဉ်ဖြင့် သတ္တုတွင်းပညာရှင်ဖြစ်သူ

ဦးစိန်မြင့်မှ ကမ္ဘာကြီးပူနွေးလာမှုကြောင့်

သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့

ထိခိုက်ပြောင်းလဲလာကြသဖြင့်

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကို

အားလုံးအတူတကွ စည်းလုံးစွာဖြင့်

အလေးအနက်ထား ဦးစားပေး

ဆောင်ရွက်ရမည့် အရေးကိစ္စ တစ်ရပ်

ဖြစ်လာကြောင်း၊ သဘာဝပတ်ဝန်းကျင်

အတွက်သင့်လျော်ပြီး ကာဗွန်ထုတ်လွှတ်မှု

လျော့နည်းသော LNG(Liquefied Natural Gas)

စွမ်းအင်ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်လိုအပ်ချက်အတွက်

စီမံကိန်းများဖြင့် စတင်အကောင်အထည်ဖော်

ဆောင်ရွက်တော့မည်ဖြစ်သောကြောင့်

LNG နှင့်ပတ်သက်ပြီး အများပြည်သူ

သိရှိနိုင်စေရန် မြန်မာအစိမ်းရောင်ကွန်ရက်မှ

စိမ်းရောင်စုံစာပေ၌

စာတမ်းပြုစုဖော်ပြထားသည့်

“သဘာဝဓာတ်ငွေ့လောင်စာများနှင့် မိတ်ဆက်ခြင်း”

စာအုပ်တွင် လေ့လာမှတ်သား သိရှိနိုင်ကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးထုတ်ကုန်

အဓိကထွက်သော နေရာဒေသများတွင်

သန့်ရှင်းသောစွမ်းအင်တစ်ခုအပါဝင်ဖြစ်သည့်

LNG စွမ်းအင်အား အသုံးပြု၍

ထုတ်ကုန်ပစ္စည်းများကို

အရည်အသွေး အဆင့်အတန်း

မြင့်အားလာအောင် ဆောင်ရွက်ရန်အတွက်

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို

ထောက်ပံ့ပေးသည့် ကိစ္စရပ်တွင်

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို

လျှော့ချပေးနိုင်မည်ဖြစ်ပြီး

ထင်းလောင်စာများ အသုံးပြုမှုကိုလည်း

လျော့နည်းသွားစေကြောင်း

အစရှိသည်တို့ကို တင်ပြသည့်

ရုပ်သံဗီဒီယိုအား ၂၀၂၀ခုနှစ်၊

ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ

ကျင်းပဆောင်ရွက်ခဲ့သော

မြန်မာအစိမ်းရောင်ကွန်ရက်

(၉) ကြိမ်မြောက်တွေ့ဆုံပွဲ

အွန်လိုင်းအခမ်းအနားမှ

တည်းဖြတ် ဖော်ပြလိုက်ရပါသည်။