YGN-BGO Bicycle Ride for International Day of the World's Indigenous Peoples 2019

ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ

ဦးစီးဆောင်ရွက်သော ရန်ကုန်-ပဲခူး စက်ဘီးစီးနင်းပွဲကို ကျင်းပပြုလုပ်ရန် သြဂုတ်လ (၁၀)ရက်၊ မနက် (၅)နာရီခွဲတွင် စော်ဘွားကြီးကုန်း လမ်းဆုံတွင်လူစုကြကာ အမြန်လမ်း ဇီးရိုး မိုင် သို့သွားရောက်ပြီး မနက်(၇)နာရီတွင် စတင်ထွက်ခွာစီးနင်းခဲ့ကြပါသည်။ ခရီးတစ်လျှောက်တွင်လည်း မိုးတစ်ဖွဲဖွဲရွာနေသည့်ကြားတွင်ပင် အတူတကွ အားကြိုးမာန်တက် စည်းစည်းလုံးလုံးဖြင့် တစ်ယောက်ကိုတစ်ယောက် အားပေးလက်တွဲခေါ်ရင်း ပန်းတိုင်သို့ ဦးတည် စီးနင်းခဲ့ကြပါသည်။ မနက် (၁၁)နာရီတွင် ပဲခူးမြို့အ၀င်သို့ရောက်ရှိပြီး ပဲခူးမြို့ ကြက်ခြေနီအသင်းမှလာရောက်ခရီးဦးကြိုရင်း ခေတ္တအနားယူကြကာ ပဲခူးမြို့ယဉ်ထိန်းရဲအဖွဲ့ အကူအညီဖြင့် ဆက်လက်ထွက်ခွာခဲ့ကြပါသည်။ ထို့နောက် မနက်(၁၁)နာရီခွဲတွင် ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ကို ဂုဏ်ပြုကျင်းပနေသော ပဲခူးမြို့တော်ခန်းမတွင် ရောက်ရှိခဲ့ကြကာ ဖိတ်ကြားထားသော အရပ်ဘက် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအရပ်ရပ်မှ ကိုယ်စားပြု ဌာနေတိုင်းရင်းသားအဖွဲ့အစည်းများက လက်ခုပ်တီးအားပေးဂုဏ်ပြုခဲ့ကြပါသည်။ ဆက်လက်ပြီး ကျင်းပဆောင်ရွက်နေသည့် အစီအစဉ် တွင်အတူတကွ ပါဝင်အားဖြည့်ပေးခဲ့ကြကာ မွန်းလွဲ (၃)နာရီ တွင် ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်စီးနင်းထွက်ခွာခဲ့ကြပါသည်။ ပွိုင့်မှ ပါဝင်စီးနင်းသူ (၃)ဦး အပါအ၀င် Myanmar Green Bike နှင့် အခြား စက်ဘီင်္းဝါသနာရှင်ပေါင်း (၃၁)ဦး စုစုပေါင်း (၃၄)ဦး ၀င်ရောက်ပါဝင်ဆင်နွဲခဲ့ပါသည်။