ပြီးခဲ့သည့် နိုဝင်ဘာက ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ပြုလုပ်သည့် သားငှက်တိရစ္ဆာန်ကုန်သွယ်မှုကို အ သားပေးဆွေးနွေးသည့် ဟနွိုင်း ကွန်ဖရင့်၌ ကမ္ဘာ့နိုင်ငံအသီးသီးက ဒေါ်လာ ဘီလီယံနှင့်ချီ ကျယ်ပြန့်နေသည့် သားငှက် တိရစ္ဆာန်တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် နိုင်ငံအလိုက် အဓိကထားဖြေရှင်းရမည်ကို နိုင်ငံပေါင်းစုံက အကောင်အထည်ဖော်လုပ်ဆောင် ရန် ကတိကဝတ်ပြုခဲ့ကြသည်။
ဟနွိုင်းကွန်ဖရင့်မှ ဆွေးနွေး ချက်များကို အတည်ပြုလက်ခံခဲ့ သည့် နိုင်ငံများတွင် မြန်မာနိုင်ငံ လည်း ပါဝင်သည်။ တဖြည်းဖြည်း ကြီးထွားလာနေသည့် သားငှက် တိရစ္ဆာန်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို လုပ်ဆောင် မည်ဖြစ်သည်။
သားငှက်တိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ဟနွိုင်း ကြေညာစာတမ်းအရ မြန်မာနိုင်ငံ တွင် သားငှက်တိရစ္ဆာန် အဓိက ကုန်သွယ်ရာ လမ်းကြောင်းဖြစ် သည့် မန္တလေး-မူဆယ်လမ်းမကြီး တစ်လျှောက် သားငှက် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ ဈေးကွက် သတင်း အချက်အလက်များ ကောက်ယူရန်နှင့် ၂၀၁၇-၁၈ ခုနှစ်များတွင် သားငှက်တိရစ္ဆာန်တရား မဝင်ရောင်းချရန် ဈေးကွက်များ လုံးဝဖယ်ရှားရေးကို သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာနက အခြားဝန်ကြီးဌာနများ နှင့် ပူးပေါင်းတိုက်ဖျက်ရန် စသည် တို့ လုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့သည်။
မြန်မာနိုင်ငံ၏ နယ်စပ်မြို့ များတွင် တောရိုင်းတိရစ္ဆာန်တရား မဝင် ရောင်းဝယ်ဖောက်ကားမှု ဈေးကွက်မှာ တဖြည်းဖြည်းကြီး ထွားလာနေပြီး နိုင်ငံအတွင်းရှိ တောရိုင်းတိရစ္ဆာန်လေးများမှာ အ မြဲတစေ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံ နေရသည်။
သစ်တောဦးစီးဌာန စာရင်း ဇယားများအရ ၂၀၁၀ မှ ၂၀၁၆ အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ဖမ်းဆီးရမိစာရင်းအရ ခြောက်နှစ်တာအတွင်း ၂၁၀ မှုဖမ်းဆီးရရှိသည်။ ဆင်စွယ်နှင့် အစိတ်အပိုင်း၊ ဝက်ဝံအရှင်နှင့်အစိတ်အပိုင်း၊ သင်းခွေချပ်၊ လိပ်နှင့် သစ်ခွစသည့် တောရိုင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း များကို အများဆုံးတွေ့ရသည်။
သို့ရာတွင် ယင်းစာရင်းမှာ သစ်တောဦးစီးဌာန၏ ဖမ်းဆီးရရှိ သော စာရင်းသားဖြစ်သည်။ ဖမ်း ဆီးနိုင်မှုမရှိဘဲ လွတ်မြောက်နေ သော အရေအတွက်မှာ ဖမ်းဆီး ရမိမှုထက်ပင် ပိုများနိုင်ကြောင်း သားငှက်ထိန်းသိမ်းရေး လုပ် ဆောင်နေသူများက ဆိုသည်။
သားငှက်တိရစ္ဆာန် တရား မဝင်ဈေးကွက်တွင် အထူးသဖြင့် မိုင်းလားဈေးကွက်သည် အဓိက ဖြစ်သည်။ မိုင်းလားရှိ သားငှက် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ရောင်းဝယ်ပြီး မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံများ၏ တောရိုင်း တိရစ္ဆာန်များကိုပါ မျိုးတုံးရန်ခြိမ်း ခြောက်နေမည်ဖြစ်၍ မိုင်းလားရှိ တောရိုင်းတိရစ္ဆာန်များ၊ ယင်းတို့၏ အစိတ်အပိုင်းများကို တရား မဝင်ရောင်းဝယ်ခြင်းများ ပိတ်သိမ်းရေးကို နိုင်ငံတော်အဆင့် ဦးစားပေးလုပ်ငန်း အဖြစ် ဆောင်ရွက်ရန်လိုအပ်သည်ဟု သစ်တောဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါ သည်။
နယ်စပ်ဈေးကွက်များတွင် တောရိုင်းတိရစ္ဆာန်ရောင်းချမှု သည် တစ်နိုင်တစ်ပိုင်ဆိုင်တန်း များအပြင် အဆင့်မြင့်စတိုး ဆိုင်ကြီးများတွင်ပါ ရောင်းချလာ ခြင်းက ရှားပါးမျိုးစိတ်များ တရားမဝင်ရောင်းချသည့် ဈေးကွက် ကြီးထွားလာခြင်းကို သက်သေပြနေသည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (မြန်မာ၏ သားငှက်တိရစ္ဆာန်ကုန်သွယ်မှု များဆိုင်ရာ မန်နေဂျာ ခရစ္စတီးနား ရိုဒီနားက ပြောသည်။
‘‘သားငှက်တရားမဝင်ကုန် သွယ်မှုက နယ်စပ်ဒေသတွေမှာ ကြီးထွားနေပြီး ဈေးဆိုင်တန်းလေး တွေလောက်မဟုတ်တော့ဘူးဆို တာ မကြာသေးမီက ပန်ဆန်း ဒေသမှာ ရိုက်ကူးခဲ့တဲ့ ရုပ်သံတွေ ထဲက မျိုးတုံးပျောက်ကွယ်တော့ မယ့် မျိုးစိတ်တွေကို အရေအတွက်အမြောက်အမြားနဲ့ ရောင်းချနေတဲ့ အဆင့်မြင့်စတိုးဆိုင်ကြီးတွေက သက်သေပြနေပါတယ်’’ဟု ခရစ္စ တီးနားက ဆိုသည်။
သားငှက် တိရစ္ဆာန်ရောင်း ဝယ်မှုတွင် မြန်မာနိုင်ငံသည် အရေးပါသည့် တစ်ဆင့်ခံနိုင်ငံဖြစ်သည့် အပြင် ကုန်သွယ်မှု ဗဟိုချက်မ လည်း ဖြစ်နေပြီး မိုင်းလားဒေသ အတွင်း ကျားနှင့် ဆက်စပ်အစိတ် အပိုင်းများ ရောင်းဝယ်မှုတစ်ခု တည်းပင် ၂၀၀၆ မှ ၂၀၁၄ အတွင်းသုံးဆတိုးလာသည်ဟု ဆိုသည်။
နယ်စပ်မြို့များတွင် တော ရိုင်းတိရစ္ဆာန် တရားမဝင်ရောင်း ဝယ်ဖောက်ကားမှု ဈေးကွက်မှာ ကြီးထွားနေပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအ ဖွဲ့ (WWF)နှင့် TRAFFIC ၏ လေ့ လာမှုများအရ ထိုင်း-မြန်မာ နယ် စပ်ရှိ တာချီလိတ်မြို့နှင့် တရုတ်- မြန်မာ နယ်စပ်ရှိ မိုင်းလားမြို့တို့ တွင် ကျားနှင့် ကျားသစ်ထွက် အ စိတ်အပိုင်းများသည် မြန်မာနိုင်ငံပြည်တွင်းဒေသများနှင့် အိမ်နီးချင်းနိုင်ငံများမှ ရရှိခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
‘‘မိုင်းလားဈေးကွက်မှာ ကျားနဲ့ပတ်သက်တဲ့ ရောင်းဝယ်မှုက ၂၀၀၆ နဲ့ ၂၀၁၄ အတွင်းမှာ သုံးဆ မြင့်တက်ခဲ့ပါတယ်။ ဒီအရေးပါတဲ့ မျိုးစိတ်တွေကို ထိန်းသိမ်းချင် တယ်ဆိုရင်တော့ ဥပဒေစိုးမိုးရေး ကို အားဖြည့်ပြီး ဒီဈေးကွက်တွေကို ပိတ်သိမ်းနိုင်ဖို့ အရေးကြီးပါ တယ်’’ဟု WWF မြန်မာ၏ ထိန်း သိမ်းစောင့်ရှောက်ရေး ညွှန်ကြား ရေးမှူး နစ်ကော့စ်က ဆိုသည်။
အိန္ဒိယနိုင်ငံတွင် နေထိုင် ကျက်စားသော ကျား၊ ကျားသစ်၊ ကြံ့ချို၊ အိန္ဒိယကြယ်လိပ်နှင့် အ ခြားတိရစ္ဆာန်များကို မြန်မာနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ ဝင်နယ်စပ်ဖြတ်ကျော် ကူးသန်း ရောင်းဝယ်နေသည်ကို စစ်ဆေး တွေ့ရှိသဖြင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ နယ်စပ်ဖြတ် ကျော်ဝင်ရောက်မှုများကို တားဆီး နှိမ်နင်းရန် အိန္ဒိယအစိုးရက မြန်မာ အစိုးရထံ တောင်းဆိုခဲ့သည်။
တောရိုင်းတိရစ္ဆာန်အစိတ် အပိုင်းများ နယ်စပ်ဖြတ်ကျော်ဝင် ရောက်မှုများအတွက် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့ နှစ်နိုင်ငံကြားဖြစ် ပေါ်နေသော တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက် ကားမှု တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အဆင့်မြှင့်တင်မည်ဖြစ် ပြီး နည်းပညာအထောက်အပံ့များ၊ မှုခင်းဆေးပညာရပ်များ၊ မျိုးစိတ် ခွဲခြားခြင်းများဆိုင်ရာ လုပ်ငန်း များတွင် စွမ်းဆောင်ရည်မြှင့်တင် မှုများလုပ်ဆောင်မည်ဖြစ်သည်။
ထို့အပြင် တောင်အာဖရိက နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့အကြီးဆုံး သားငှက်နှင့် အပင်များကုန်သွယ်မှုဆိုင်ရာ အစည်းအဝေး၌ ကျားများ တရားမဝင်ကုန်သွယ်မှု နှင့်ပတ်သက်သည့် အစည်းအဝေး မတိုင်မီ TRAFFIC အဖွဲ့က ထုတ် ပြန်သည့် အရေခွံနှင့် အရိုးများ လျော့နည်းမှုကို ပြန်လည်ဆန်းစစ် ခြင်း အစီရင်ခံစာတွင် ၂၀၀၀ ပြည့်နှစ်မှ ယခုအချိန်အထိ အာရှတစ်လွှား၌ ကျားနှင့် ကျားမှ ထုတ်လုပ်သည့် အစိတ်အပိုင်းပစ္စည်း များ သိမ်းဆည်းရမိမှု ၈၀၁ ကြိမ်ရှိသည်ဟု ဆိုသည်။
ယင်းစာရင်းတွင် မြန်မာနိုင်ငံ အတွင်း ဖမ်းဆီးရမိမှု မှတ်တမ်းမှာ သုံးကြိမ်သာရှိသော်လည်း ဥပဒေ စိုးမိုးမှုအားနည်းခြင်းနှင့် အစိုးရ ထိန်းချုပ်မှု ဧရိယာပြင်ပတွင် အ များဆုံးရှိနေသည့် အထိန်းအကွပ် မဲ့ လွတ်လပ်နေသော ဈေးကွက်များ ရှိနေခြင်းတို့ကြောင့် မြန်မာ နိုင်ငံကို အဓိကထားဖြေရှင်းရမည့် နိုင်ငံတစ်ခုအဖြစ် ထည့်သွင်းထား ခြင်းဖြစ်သည်။
တောရိုင်းတိရစ္ဆာန် တရား မဝင်ရောင်းဝယ်ဖောက်ကားနေမှု သည် ကမ္ဘာတွင် မူးယစ်ဆေးဝါး နှင့် လက်နက်မှောင်ခိုမှုပြီးပါက တတိယအကြီးဆုံး ကုန်သွယ်မှုဖြစ် နေပြီး ကမ္ဘာတစ်ဝန်းရှိ တောရိုင်း တိရစ္ဆာန်များ မျိုးသုဉ်းပျောက် ကွယ်မည့် ခြိမ်းခြောက်မှုအန္တရာယ် နှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများစွာ ကြွယ်ဝ သည့် မြန်မာနိုင်ငံသည်လည်း ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန် မြှင့်လုပ်ဆောင်နေစဉ်မှာပင် ကြီး ထွားလာသည့် တရားမဝင်ဈေး ကွက်များကြောင့် တောရိုင်း တိရစ္ဆာန်များလည်း အမြဲတစေ ဖမ်းဆီး သတ်ဖြတ်ခံနေရမှုများ ဖြစ်ပွားနေသည်။
‘‘သေချာတာက မြန်မာနိုင်ငံ က တောရိုင်းတိရစ္ဆာန်တွေ ပေါ များတယ်။ တရုတ်ကနေ လိပ်ဘာ မျိုးလိုချင်တယ်၊ မြွေဘာမျိုးလိုချင် တယ်၊ တောက်တဲ့ လိုချင်တယ်လို့ ဈေးဖွင့်လိုက်တာနဲ့ မြန်မာနိုင်ငံက လူတွေက သိမ်းကျုံးပြီး စုပြီးပို့ လိုက်ကြတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ကိုယ့်နိုင်ငံက ဒီအကောင် တွေများတယ်။ လုပ်တဲ့သူတွေက လည်း စီးပွားရေးကို မျက်စိမှိတ် လုပ်ကြတာပေါ့။ ဒါကို ထိန်းရမယ် ဆိုတာ မရှိဘူး။ အဲဒါမျိုးတွေနဲ့ မြန်မာနိုင်ငံက ဘာပဲပြောပြော ထိပ်ဆုံးမှာ ပါလောက်တယ်’’ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ပြော ကြားသည်။
သားငှက်တိရစ္ဆာန်များဖမ်း ဆီးမှု၊ ရောင်းဝယ်ဖောက်ကားမှု များ ပပျောက်စေရန်၊ ပညာပေးမှု၊ ဥပဒေဖြင့် တားမြစ်မှုများပြုလုပ် နေသော်လည်း ဖမ်းဆီးမြဲ ရောင်း ချမြဲပင်ဖြစ်နေသည်။ သားငှက် တိရစ္ဆာန်ရောင်းချသူများကယင်း အလုပ်ဖြင့်ပင် အသက်မွေးဝမ်း ကျောင်း ပြုလုပ်နေရ၍ ရောင်းချ သူနှင့် ဖမ်းဆီးသူများကို အသိ ပညာပေးရန်လိုအပ်ပြီး အလုပ်အ ကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရန်လိုအပ်ကြောင်း ထိန်းသိမ်းရေး လုပ်ဆောင်နေသူများကပြောသည်။ ယင်းအတွက် သားငှက် တိရစ္ဆာန်များ၊ ဇီဝမျိုးစိတ်များ၊ သစ်ပင်ပန်းမန်များ သဘာဝအတိုင်းရှိ နေရာနောက်ဆုံးခံတပ်ဖြစ်သည့် သဘာဝဥယျာဉ်၊ ဘေးမဲ့တောများ တွင် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ် သည်ဟု သားငှက်ထိန်းသိမ်းရေး အဖွဲ့ မြန်မာနိုင်ငံ အစီအစဉ် (WCS)မှ Deputy Landscape Coordinator (Northern ForestComplex) ဦးလှနိုင်က အကြံပြု ပြောကြားသည်။
‘‘တောရိုင်းတိရစ္ဆာန်တွေ၊ သဘာဝအပင်တွေရဲ့ နောက်ဆုံး ခံတပ်က အမျိုးသားဥယျာဉ်နဲ့ ဘေးမဲ့တောတွေပဲ။ အဲဒီနေရာတွေကို ပီပီပြင်ပြင်ထိန်းသိမ်းထားရမယ်။ အဲဒီမှာ ထိန်းလိုက်ရင် ဈေးကွက်ကို ရောက်စရာ မလိုတော့ဘူး’’ဟု ဦးလှနိုင်က ပြောသည်။
သဘာ၀ဂေဟစနစ်တွင် လူ၊ အပင်၊ သားငှက်တိရစ္ဆာန်များမှာ တစ်ခုနှင့်တစ်ခုအချင်းချင်း မှီခိုကာ ဟန်ချက်ညီညီနေထိုင်လျက်ရှိမှ သာ ဂေဟစက်ဝန်းညီမျှမည် ဖြစ် သည်။ ယင်းတို့အနက်အပင်များ ဖြစ်စေ၊ သားငှက်တိရစ္ဆာန်ဖြစ်စေ ပျောက်ကွယ်မည်ဆိုပါက ကျန် သက်ရှိများလည်းရှင်သန်နိုင်မည် မဟုတ်တော့ကြောင်း ထိန်းသိမ်း ရေးလုပ်ဆောင်နေသူများက ဆို သည်။ ‘‘တောရိုင်းတိရစ္ဆာန်တွေက လူတွေကို အကျိုးပြုတယ်။ ကျား ဆိုရင်လည်း ဘာလို့ ထိန်းသိမ်း သင့်လဲဆို ကျားမရှိရင် သူ့အစားခံ သတ္တဝါတွေ ပိုပြီးများလာပြီး လူနဲ့ တခြားသတ္တဝါတွေကို အနှောင့်အ ယှက်ပေးတာတွေဖြစ်မယ်။ ကျား ရှိတော့ တိရစ္ဆာန်တွေ အချင်းချင်း လည်း ပြန်ထိန်းပြီးသား ဖြစ်သွား မယ်။ ဒီလိုနည်းနဲ့ ဂေဟစနစ်က လည် ပတ်နေတာ’’ဟု BANCA အသင်းမှ Program manager (Education & Livelihoods) ဦးအောင်ကျော်ညွန့်က ပြောကြား သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဖြစ်ပြီး မှောင်ခိုဈေးကွက်တို့၏ ဘုရင်ဟုပင် ကမ္ဘာက တင်စား သည့် တရုတ်နိုင်ငံ၏ ဝယ်လိုအား ကြောင့် တောရိုင်းတိရစ္ဆာန်များနှင့် အစိတ်အပိုင်းပစ္စည်းမှောင်ခိုဈေး ကွက်မှာ နှစ်စဉ်မြင့်တက်နေပြီး ရှားပါးတိရစ္ဆာန်များအပါအဝင် တောရိုင်းတိရစ္ဆာန်များ မျိုးတုံးမည့် အရေးကို စိုးရိမ်နေရသည်။
‘‘တကယ်လုပ်နေတဲ့ စီးပွား ရေးသမားတွေကို ထိထိရောက် ရောက် အရေးယူဖို့လိုတယ်။ ဥပမာပြောရင် တရုတ်ပြည်ကို သွားတယ်ဆို တစ်ကောင်တည်း မသွားဘူး။ ကားကြီးတွေနဲ့ တစ်စီး လုံးတိုက်သွားတာ။ ဒီအထဲမှာ ဖမ်း လာရင်လည်း နည်းနည်းပါးပါး အဖမ်းပြပြီး ရှင်းလိုက်ကြတယ်လို့ ကျွန်တော်မြင်တာပဲ။ လေ့လာ လိုက်ရင် ဒီဟာက ပြည်နယ်နဲ့ တိုင်းသုံးလေးခုကို ကျော်ဖြတ်ပြီးမှ နယ်စပ်ကို ရောက်လာတာလေ။ အ ကုန်လုံးသာ ထိထိ
ရောက်ရောက် ကာကွယ်လိုက်ရင် အောင်မြင်မှာပါ။ တိရစ္ဆာန်မှောင်ခိုက ဥပဒေကရှိပြီးသားကို ထိရောက်အောင်လုပ် ဖို့လိုတယ်’’ဟု ဒေါက်တာသိန်း အောင်က ပြောသည်။