လက်ထပ်မင်္ဂလာယူခြင်း အိမ်ထောင်တည်ခြင်းဆိုတာ ဌာနေတိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုး ပြုလုပ်ကျင်းပပုံနဲ့ ခံယူချက်အယူအဆတွေ မတူညီနိုင်ပါဘူး။ ပဲခူးရိုးမမှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသား ကရင်တွေကတော့ ရှေးယခင်က ဘိုးဘွားအစဉ်အဆက် ကျင်းပပြုလုပ်လာခဲ့တဲ့ ကရင့် ရိုးရာ လက်ထပ်မင်္ဂလာယူခြင်း အိမ်ထောင်တည်ခြင်း လုပ်ရိုးလုပ်စဉ်တွေကို မပပျောက်ရအောင် လက်ဆက်ထိန်းသိမ်း ကျင်းပ နေကြဆဲပါ။