၂၀၂၂ခုနှစ်၊ မတ်လ ၂၂ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ရေများနေ့၏
ဆောင်ပုဒ်စကားသည် “မြေအောက်ရေ - မမြင်နိုင်ရသည်ကို
မြင်လာအောင်ပြုလုပ်ခြင်း” ဖြစ်ပါသည်။
ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ ကမ္ဘာ့ရေများနေ့
အထိမ်းအမှတ်အနေဖြင့် ဌာနေတိုင်းရင်းသားတစ်ဦး၏
သဘာဝပတ်ဝန်းကျင်အတွက် မြေအောက်ရေအရင်းအမြစ်
မရှိမဖြစ်လိုအပ်ပုံ၊ မြေအောက်ရေအား အလွန်အကျွံ
ထုတ်ယူသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်နောက်ဆက်တွဲဆိုးကျိုးများ၊
မြေအောက်ရေအရင်းအမြစ်အား ပြန်လည်ထိန်းသိမ်း
ဖြည့်ဆည်းပေးရန်လိုအပ်လာပုံနှင့် မြေအောက်ရေအရင်းအမြစ်အား
ရေရှည်တည်တံ့စွာ ထိန်းသိမ်းဆောင်ရွက်ခြင်းမရှိပါက
အနာဂတ်တွင်ရင်ဆိုင်လာရနိုင်သည့်
အကျိုးသက်ရောက်မှုများအား ပြောဆိုတင်ပြထားသည့်
ရုပ်သံဗီဒီယိုအား တင်ပြလိုက်ရပါသည်။