အမျိုးသားအဆင့် မြန်မာနိုင်ငံ REDD+ နည်းဗျူဟာမူကြမ်းအား နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ ကြီးကြပ်ညွှန်ကြားမှုတို့ဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ ယင်းလုပ်ငန်းစဉ်တွင် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများအား ဆန်းစစ်ဖော်ထုတ်ခြင်းဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ယင်းတို့မှတဆင့် ကနဦးအဆင့် မူဝါဒများနှင့် လုပ်ဆောင်ချက်များ သတ်မှတ်ဖော်ထုတ်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၎င်းမူဝါဒများနှင့် လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အကြံပြုညှိနှိုင်းဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပခဲ့ပါသည်။ တဆက်တည်းမှာပင် REDD+ မဟာဗျူဟာနှင့် ပတ်သက်၍ အမျိုးသားအဆင့်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အကျိုးဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ဲပြီး ထိုဆွေးနွေးပွဲများအား ယခုအခါတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိပါ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံကာ ကျင်းပနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ REDD+ နည်းဗျူဟာမူကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ အဆိုပါမူကြမ်း မိတ္တူအား REDD+ မြန်မာ ဝက်ဆိုဒ် www.myanmar-redd.org တွင် ၂၀၁၈ ခုနှစ်၊ မတ်လ (၂) ရက်နေ့ မှစပြီး ဧပြီလ ၃၀ ရက်နေ့အထိ လူကြီးမင်းတို့၏ အကြံပြုချက်များကို ရယူရန် ဖွင့်လှစ်ကြေငြာထားပြီ ဖြစ်ပါသည်။
ထို့ကြောင့် လူကြီးမင်းတို့အနေဖြင့် REDD+ ဆိုင်ရာ နည်းဗျူဟာမူကြမ်းအား လေ့လာကြည့်ရှုနိုင်ပါရန်နှင့် ဝေဖန်သုံးသပ် အကြံပြုဆွေးနွေးပေးကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။ အကြံပြုရာတွင်လည်း အဆိုပြုချက်နှင့်တကွ လူကြီးမင်းတို့ အကြံပြုလိုသော စာမျက်နှာအမှတ်၊ လိုင်းအမှတ်များအား တိကျစွာထည့်သွင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အမျိုးသားအဆင့် REDD+ ဆိုင်ရာ နည်းဗျူဟာမူကြမ်းအား အောက်ဖော်ပြပါ လင့်တွင် ဝင်ရောက်၍ လေ့လာဖတ်ရှုကာ အကြံပြု နိုင်ပါသည်။
http://www.myanmar-redd.org/national-redd-strategy-myanmar-document-for-...
လူကြီးမင်းတို့၏ ပူးပေါင်းပါဝင်မှုများအတွက် အထူးပင်ကျေးဇူးတင်ပါသည်။
28 Mar 2018