9 May 2019

ပွိုင့် - ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ မြန်မာနိုင်ငံရှိ ဒေသခံ ဌာနေတိုင်းရင်းသားများ၏ ရိုးရာပိုင်နက်နယ်မြေများနှင့် မြေအသုံးချမှုများအား ဖော်ပြနိုင်ရန် ဒေသခံဌာနေတိုင်းရင်းသားများကိုယ်တိုင် ပူးပေါင်းပါဝင်၍ မြေပုံဖော်ထုတ်ရေးဆွဲပါသည်။ ရိုးရာပိုင်နက်နယ်မြေဆိုသည်မှာ ရှေးဘိုးဘေးလက်ထက်ကပင် နယ်နိမိတ်ခြင်းထိစပ်နေသူများနှင့် သတ်မှတ်သဘောတူထားခဲ့သော ပိုင်နက်နယ်မြေများကို ဆိုလိုပါသည်။ မြေအသုံးချမှုဆိုသည်မှာ လည်းကောင်းတို့၏ ပိုင်နက်နယ်မြေ ဧရိယာအတွင်း ရေဝေရေလဲတော (ရေထိန်းတော)၊ ဘုံပိုင်တော၊ သာသနာမြေ၊ စိုက်ပျိုးမြေ၊ ဥယျာဉ်ခြံမြေ နှင့် အလှည့်ကျအနားပေး တောင်ယာ စသည်တို့ကို ဖော်ထုတ်ခြင်းဖြစ်ပါသည်။