မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာအတွက် လုွပ်ရှားမှုအတွေ့အကြုံများကို ဝေမျှဖလှယ်ခြင်း

29 May 2017

မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာအတွက် လုွပ်ရှားမှုအတွေ့အကြုံ များကို ဝေမျှဖလှယ်ခြင်းဆိုင်ရာ အစည်းအဝေးကို Hotel Pavilion ရန်ကုန်မြို့တွင် ၂၀၁၇၊ မေလ (၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဤမိတ်ဖက်အစည်းအဝေးကို ယခုလက်ရှိအခြေအနေတွင် ဌာနေတိုင်းရင်းသားများ၏ အရေး အတွက် လုပ်ဆောင်နေကြသော အဖွဲ့အစည်းများ တစ်ခုနှင့် တစ်ခု လုပ်ကိုင်ဆောင်ရွက်နေပုံ၊ ထင်မြင်ချက်များကို ညိုွနှိုင်းဆွေးနွေးရန်နှင့် အနာဂတ်အတွက် ပိုမိုကောင်းမွန်သော မဟာဗျူဟာများအား ချမှတ်ရန်တို့အတွက် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အစည်းအဝေးသို့ တက်ရောက်လာခဲ့ကြသူများမှာ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ မြေယာပိုင်ဆိုင်မှု၊ ပတ်ဝန်းကျင် အစရှိသည်တို့အတွက် ရုန်းကန်လှုပ်ရှားနေကြသော အဖွဲ့အစည်း (၁၂) ဖွဲ့မှ ဖြစ်သည်။ တက်ရောက်လာသူများအားလုံးသည် မွန်၊ မကွေး၊ ကယား၊ ကချင်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ နာဂ နှင့် ရန်ကုန်မှ တက်ရောက်သည့် ဒေသကိုယ်စားပြုများပင်ဖြစ်သည်။ 
အစည်းအဝေးသို့တက်ရောက်လာသူများသည် အဓိကအားဖြင့် မိမိတို့၏ အဖွဲ့အစည်း ဖြစ်တည်လာပုံနောက်ခံ သမိုင်းအကျဉ်းချုပ်နှင့် ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ ဌာနေတိုင်းရင်းသားများ အတွက် သူတို့၏ ကြိုးပမ်းလုပ်ဆောင် နေမှုများကို ဝေမျှဖလှယ်ခဲ့ကြသည်။