အချိန်ဆိုတာ “ရေ”

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်ဝမ်ပိစ်လူမျိုးစုကျေးရွာ ၆၅ ရွာသည် ၎င်းတို့၏ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အခြေခံ၍ ကိုယ်ပိုင်အုပ်ချုပ်သည့်နယ်မြေတစ်ခုကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ဝမ်ပိစ် ကိုယ်ပိုင်အစိုးရသည် ဘိုးဘေးတို့ခေတ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ကြသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်စီမံခွင့်ရရန် ၎င်းတို့၏ ပိုင်ဆိုင်သည်ဟု ယူဆသောနယ်မြေထဲမှ မြေဧက ဟတ်တာ တစ်သန်းကျော်ကို ပြန်လည်ထိန်းသိမ်းပြီး ဆက်လက်သိမ်းယူနေသည်။ နာမ်ဝိညာဉ်တန်ခိုးနှင့် ကိုယ်ပိုင် အစိုးရ၊ ယဉ်ကျေးမှုအနုသုခုမ လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် “တာရိမာပူဂျ’’ ခေါ်နေထိုင်မှု ကောင်းစားခြင်းတို့ကို ရရှိခံစားနိုင်မည်။