ဒီဇင်ဘာ ၁၁ရက်နေ့၊ ၂၀၂၀ခုနှစ်၌ ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ အထိမ်းအမှတ်အနေဖြင့် ဌာနေတိုင်းရင်းသားခေါင်းဆောင်များမှ တောင်တန်းများနေ့အဖြစ် သတ်မှတ်ကျင်းပခြင်းဖြင့် တောင်တန်းများ၏ လူသားနှင့်သဘာဝတရားအတွက် မည်ကဲ့သို့ အရေးပါစွာ တည်ရှိလုပ်ဆောင်နေမှုများကို သိမြင်လာနိုင်ကြောင်း၊ တောင်တန်းများပေါ်တွင် လုပ်ကိုင်လည်ပတ်နေကြသော သတ္တုတွင်းစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံဌာနေတိုင်းရင်းသားများအပေါ် ထိခိုက်ဖျက်စီးနေသည့် အခြေအနေများ၊ အစားထိုးပြန်မရနိုင်သော လူသားတို့အတွက်အရေးပါသည့် အဖိုးတန်ရေမြေတောတောင် သဘာဝတရားကို မည်သည့်အရာနှင့်မျှလဲလှယ်ခြင်း မပြုလုပ်သင့်ကြောင်းကို ပြောဆိုတင်ပြထားသည့် ရုပ်သံဗီဒီယိုအား ဖော်ပြလိုက်ရပါသည်။