အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအတွက် မြေယာ၊ သားငါး၊ သစ်တောများနှင့် သက်ဆိုင်သော လုပ်ပိုင်ခွင့်အား တာဝန်ခံသည့် စီမံခန့်ခွဲမှုအတွက် စေတနာဖြင့်တန်ဖိုးထား၍ လိုက်နာကျင့်သုံးသင့်သော လမ်းညွှန်ချက်များဆိုင်ရာ နိုင်ငံတော်အဆင့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ

15 Mar 2017

ကန်ပင်စကီးဟိုတယ်၊ နေပြည်တော်တွင် ၂၀၁၇၊ မတ်လ ၁၅ ရက်မှ ၁၆ နေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအတွက် မြေယာ၊ သားငါး၊ သစ်တောများနှင့် သက်ဆိုင်သော လုပ်ပိုင်ခွင့်အား တာဝန်ခံသည့် စီမံခန့်ခွဲမှုအတွက် စေတနာဖြင့် တန်ဖိုးထား၍ လိုက်နာကျင့်သုံးသင့်သော လမ်းညွှန်ချက်များဆိုင်ရာ နိုင်ငံတော်အဆင့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသည် အောက်ပါတို့ကိုရည်ရွယ်ထားရှိခဲ့သည်။

    VGTT လမ်းညွှန်ချက်များနှင့် ပိုမိုရင်းနှီး နားလည်ကျွမ်းဝင်မှု ရှိစေရန်-

  1. VGGT ရေးဆွဲခဲ့သည့် လုပ်ငန်းစဉ်
  2. VGGT တွင်ပါရှိသော ခေါင်းစဉ်များနှင့် အသေးစိပ် အကြောင်းအရာများ
  3. မြန်မာနိုင်ငံတွင် VGGT ကို မည်သို့မြန်မာမှုပြု၍ အသုံးချနိုင်သည်
  4. လမ်းညွှန်ချက်များကို အသုံးပြုသဖြင့် ဖြစ်ပေါ်လာမည့်လုပ်ပိုင်ခွင့်များ ခိုင်မာသည့် အနာဂတ်မြင်ကွင်းများကို ပုံဖော်ကြည့်ခြင်း

အစည်းအဝေးသို့ တက်ရောက်လာခဲ့ကြသူများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် နိုင်ငံရှိ အခြားဆက်စပ်သက်ဆိုင်သူများ ဖြစ်ကြသည်။ အစည်းအဝေးသို့ တက်ရောက်လာသူများသည် အဓိကအားဖြင့် ဒေသခံပြည်သူများက လက်ခံထားသော လုပ်ပိုင်ခွင့်အခွင့်အရေးများကို ရရှိခံစားနိုင်ရန် မည်သို့ပံ့ပိုးကူညီမည်၊ တိုးမြှင့်ဆောင်ရွက်မည်၊ လမ်းညွှန်ချက်များကို မည်သို့မည်ပုံ အသုံးပြုမည်ဆိုသည်နှင့် နောင်ငါးနှစ်တွင် လမ်းညွှန်ချက်များအသုံးပြုခြင်းဖြင့် မြေလုပ်ပိုင်ခွင့် အခွင့်အရေးများ ခိုင်မာနေသည့် အနာဂတ်မြင်ကွင်းကို ပုံဖော်ကြည့်ရှုခြင်းတို့ကို ဆွေးနွေးပြုလုပ်ခဲ့ကြသည်။

 

DOWNLOAD PDF