ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုအတွက် ဌာနေတိုင်းရင်းများ၏ မဟာဗျူဟာဆွေးနွေးပွဲ

23 Mar 2017

ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုအတွက် ဌာနေတိုင်းရင်းများ၏ မဟာဗျူဟာဆွေးနွေးပွဲကို မီကာစား ဟိုတယ်မှာ ဇန်နာဝါရီလ ၂၄ ရက် ၂၀၁၇ တွင် ပွိုင့် ရိုးရာဝန်းကျင်အဖွဲ့အနေဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရည်ရွယ်ချက်များမှာ- 
•    မိမိတို့အချင်းချင်း ဓလေ့ထုံတမ်းမြေယာပိုင်ဆိုင်မှု နှင့် ပတ်သတ်ပြီး နောက်ဆုံး လုပ်ဆောင်နေသော လုပ်ဆောင်မှုများကို ဝေမျှရန်
•    အနာဂတ်ဓလေ့ထုံတမ်းမြေယာပိုင်ဆိုင်မှုနှင့်ပတ်သတ်သော လုွံ႕ဆော်စည်းရုံးမှု အတွက်မဟာဗျူဟာများအတွက် ဆွေးနွေးရန်
•    ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံအတွက် ဓလေ့ထးံုတမ်းမြေယာပိုင်ဆိုင်မှုနှင့် ပတ်သတ်သော ကနဦး အကြံပြုချက်များရယူပြင်ဆင်ရန် 
အောက်ပါဖော်ပြသောအကြောင်းအရာများသည် ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုနှင့် ပတ်သတ်သော အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီ တင်ပြသောကြောင်းအရာများဖြစ်သည်။
(က) ဂျော်နတန်။    ။ ပအိုဝ်းလူမျိုး အထွဋ်အမြတ်ထိန်းထိမ်းထားသော ကက္ကူမြေနေရာ နှင့် ၎င်းနေရာကို     
ကမ္ဘာအမွေအနှစ် လုပ်ဆောင်ရန် သုသေသနလုပ်ဆောင်ချက်အရ တွေ့ရှိရသော ထိန်းသိမ်းပုံစံအမျိုးမျိုးနှင့် ပြဿနာများကို တင်ပြခဲ့သည်။
(ခ) စောဂျိုးစဖက်။     ။ ဌာနေတိုင်းရင်းသားအခွင့်အရေးဖြစ်သော ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင် မှုသေချာစေရန် သူတို့အဖွဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောပုံစံနှင့် ချဉ်းကပ် နေကြောင်းကို ဆွေးနွေးခဲ့သည်။
(ဂ) စည်သူ။    ။ ဖယ်ဒရယ်မြေယာစီမံခန့်ခွဲမှုပုံစံကို ဆွေးနွေးခဲ့သည်။
(ဃ) ဂလန်း။    ။ ဌာနေတိုင်းရင်းသား ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု ရှိရန် လက်ရှိပြဌာန်းထားသော ဥပဒေ၊ ညွန်ကြားချက်အရ ၎င်းတို့၏ အခွင့်အရေးနှင့် ၎င်းတို့ကို စိန်ခေါ်မှုများကိုဆွေးနွေးခဲ့သည်။
(င)နော်အိအိမင်း။    ။ ဌာနေတိုင်းရင်းသားအခွင့်အရေးနှင့် ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု ရှိစေရန် စံပြဒေသ ၃ ခုဖြင့် လုပ်ဆောင်ပုံနှင့် အစိုးရကို ချဉ်းကပ်သော နည်းလမ်းပုံစံများကို ဆွေးနွေးခဲ့သည်။

    တက်ရောက်သောသူများသည် ဒေသခံများ၊ ဒေသလူမှုအဖွဲ့အစည်းများ၊ NGO/INGO
များပူးပေါင်းပါဝင်ပြီး ဆွေးနွေးခဲ့ကြသည်။
 

 

DOWNLOAD PDF