အာရှ ပစိဖိတ် ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲ : ကာဗွန်ထုတ်လုပ်မှု လျော့ချခြင်း အစီအစဉ် တွင် ဌာနေတိုင်းရင်းသားများနှင့် ကျားမရေးရာကဏ္ဍ တုံ့ပြန်မှု

24 Mar 2017

          ကာဗွန်ထုတ်လုပ်မှု လျော့ချခြင်း အစီအစဉ် တွင် ဌာနေတိုင်းရင်းသားများနှင့် ကျားမရေးရာကဏ္ထ တုံ့ပြန်မှု ဆိုင်ရာ အာရှ ပစိဖိတ် ဒေသအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို Tebtebba and CERDA အဖွဲ့တို့မှ ဦးစီးပြီး ဖေဖော်ဝါရီလ ၂၄ ရက် မှ ၂၇ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ် ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ 

၁. UNDRIP ခြုံငုံသုံးသပ်ခြင်း၊ UNFCC နှင့် REDD+ အစပြုခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အကောင်ထည်ဖော်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ လုပ်ငန်းစဉ်တွင် အမျိုးသမီးများအား မြှင့်တင်ခြင်း
၂.  ဒေသအဆင့် မှ နိုင်ငံတော် အဆင့် REDD+ လုပ်ငန်းစဉ်၊ ရာသီဥတုပြောင်းလဲခြင်း နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်း 
၃.   အာရှပစိဖိတ်ရှိ REDD+ လုပ်ဆောင်သော နိုင်ငံရှိ ဌာနေတိုင်းရင်းသားအမျိုးသမီးများနှင့် သစ်တော မှီခိုသော ဌာနေတိုင်းရင်းသားများ အတွက် ပူးပေါင်းပါဝင်နိုင်မည့် ဘုံလမ်းကြောင်းဖြစ်သော  စည်းရုံးလှုံ့ဆော်မှုနိုင်သော နေရာများ နှင့် REDD+ ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း
၄.  စီမံကိန်း မိတ်ဖတ် အဖွဲ့စည်းများ စည်းဝေးနိုင်ရန် အတွက် ပြင်ဆင်ထားခြင်း 

          တက်ရောက်ပါဝင်သူများမှာ အာရှ ပစိဖိတ်ဒေသမှ သစ်တောနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဌာနေတိုင်းရင်းသားများနှင့် အမျိုးသမီဒများ ၏ ပြသာနာများအတွက် လုပ်ရှားနေသော ဌာနေတိုင်းရင်းသားမိတ်ဖက်အဖွဲ့အစည်း များမှ ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် ၂၀၁၇ တွင်ပြုလုပ်မည့် အာရှ ဌာနေတိုင်းရင်းသား အမျိုးသမီး ကွန်ယက် အစည်းအဝေး အတွက် ဆွေးနွေးမည့် ခေါင်းစဉ် Themes အကြောင်းများ ၊ ကာဗွန်ထုတ်လုပ်မှု လျော့ချခြင်း အစီအစဉ် တွင်ကျားမရေးရာ အတွက် တွေ့ ကြုံနေရသော အခက်အခဲ နှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်း၊ ဒေသအဆင့် မှ နိုင်ငံတော် အဆင့်တွင် ပူးပေါင်းပါဝင်နိုင်မည့် မဟာဗျူဟာများရေးဆွဲ ခြင်းများ အစရှိသည်များ ကို ဆွေးနွေးကြပါသည်။

 

DOWNLOAD PDF